• Room No. 105, Novotel Yangon Max (Beside Ballroom)
  • Ticketing Phone : 09 -9 522 744 30, 09 -9 7271 99 63, 09 -9 7271 5423, 09 -9 6080 8332
  • Tour Phone : 09-777 620 470, 09-7777 044 30
  • Email: kh.mdmarketing@gmail.com

Beijing-Xian-Dunhuang (8D/7N)KH-5007

1890.00 $

Photo Gallery

Visit Us Now

Room No. 105,
Novotal Yangon Max
(Beside Ballroom)

Call Us Now

Ticketing Phone

09-9 52274430, 09-972719963, 09-972715423, 09-960808332

Tour Phone

09-777620470, 09-777704430

Message Us Now

kh.mdmarketing@gmail.com

Location

Description

China ရဲ့အထင်ကရ မြို့သုံးမြို့ကို လည်ပတ်မယ့် ခရီးစဉ်လေးဖြစ်ပါတယ်

Detailed Day Wise Itinerary

  • Day : 1 Beijing(Breakfast/Lunch/Dinner)

    လေဆိပ်မှ ဧည့် လမ်းညွန်မှ ကြိုဆိုပြီး လျှင် ကမ္ဘာ့ အကြီးဆုံး ပြည်သူ့ ရင်ပြင် ဖြစ်တဲ့ Tian’ anmen Square ကနေ ပြီး ရင် တရုတ်ပြည်ရဲ့  Forbidden City ဖြစ်တဲ့ နန်းတော်ကြီး ကိုသွားရောက် လည်ပတ် လေ့လာကြပါမည်။ Ming & Qing မင်းဆက် ပေါင်း ၂၄ ဆက် တိုင်တိုင် နန်းတက်ခဲ့တဲ့ ကမ္ဘာ့ အကြီးမားဆုံး ရှေးဗိသုကာ လက်ရာ နန်းတော်ကြီးလည်းဖြစ်ပါတယ်။ ရင်သပ်ရှုမောရအောက် အောင် ကိုသင့် နှလုံးသားကို ဖမ်းစား မယ့်နေရာပါ။ နေ့လည်စာသုံးဆောင်ပြီး လျှင်တော့ နွေရာသီ နန်းတော် ကိုဆက် လက်ပြီး သွားရောက် လည်ပတ်ကြပါမည်။

  • Day : 2 Beijing-Great Wall at Juyong Pass (Breakfast/Lunch/Dinner)

    ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ၇၅ ကီလိုမီတာ (၁နာရီ ၃၀ မိနစ်ခန့်) မောင်းနှင်ကာ မဟာတံတိုင်းကြီး ဆီသွားကြပါမည်။ ပြီးလျှင် ကျောက်စိမ်း ပြုလုပ်ရာများ သို့ သွားပါမည်။ အချိန် ရခဲ့ လျှင် ဘေဂျင်း ၏အိုလန်ပစ်ကစားကွင်း တွင်လည်း ဓာတ်ပုံရိုက်နိုင်ပါသေးသည်။ ကစားကွင်းကြီး သည် ငှက်သိုက် ပုံစံ ကြီး ဆောက်လုပ်ထားပြီး ၊ Aquatic Center အား ရေစတုဂံ ပုံစံ ဆန်းဆန်းပြားပြား တည်ဆောက်ထားပါသည်။ ပြီး လျှင် ညစာသုံးဆောင်ကာ ဟိုတယ်တွင် အနားယူကြပါမည်။

  • Day : 3 Beijing-Xian

    ဟိုတယ်တွင် နံနက်စောစော နံနက်စာသုံးဆောင်ကာ အမြန်ကျည်ဆန်ရထား ဖြင့် ၅နာရီကြာ စီးနင်းပြီး ဇီယမ်မြို့  သို့ ထွက်ခွာကြပါမည်။ Xian သို့ရောက်လျှင် UNESCO ၀င်ထားသော တရုတ်ပြည်၏နေရာတစ်ခု အားသွားပါမည်။ ကမ္ဘာ့ အံ့ဖွယ်ထဲတွင်ပါဝင်နေသော မြေအောက် သူရဲ ကောင်းစစ်သည်တော်များ အားသွားရောက်ကြည့်ရှုကြပါမည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ ကျော်မှ ရုပ်ထုများအား ၁၉ ၇၄ ခုတွင်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်၏ ပထမဆုံး ဧကရစ် ၏ ဂူကြီးဖြစ်သည်။ ပြီးလျှင် Xian ၏ နေထွက် ချိန်တွင် တီးသော ခေါင်းလောင်း မျှော်စင်နဲ့ နေ့တနေ့ ၏ ညနေတွင် တီးသော စည်ကြီး ရှိရာ စည် မျှော်စင်တို့အားသွားရောက်လေ့လာကြပါမည်။ ပြီးလျှင် Xian မြို့ တွင် အိပ်စက်အနားယူပါမည်။

  • Day : 4 Xian-Dunhuang (Breakfast/Lunch/Dinner)

    ဟိုတယ်တွင် နံနက်စောစော နံနက်စာသုံးဆောင်ကာ လေဆိပ်သို့ထွက်ခွာပြီး Dunhuang သို့လေယာဉ်ဖြင့်သွားကာ ထိုနေ့ တွင် ဒွန်ဟွမ်တွင် အိပ်စက်အနားယူပါမည်။

  • Day : 5 Dunhuang (Breakfast/Lunch/Dinner)

    ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြကာ Yumen Pass အားသွားရောက်လေ့လာကြပါမည်။ နေရာလေးသည် ရှေးယခင်က Silkroad trading ခေတ်က တရုတ်ပြည် ၏အစ ဂိတ်ဖြစ်သည်။ ပြီးလျှင် Ghost city ဟုတင်စားထားသော တောင်ကုန်းမျာရှိရာသို့သွားရောက်လေ့လာပါမည်။ ဟိုတယ်တွင် ပြန်လည်အနားယူပါမည်။

  • Day : 6 Dunhuang (Breakfast/Lunch/Dinner)

    ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြကာ Mogao Cave ဟုခေါ်သော ဗုဒ္ဓဆင်းတုတော် တစ်ထောင်ရှိရာ တောင်စောင်းကြီးသို့သွားပါမည်။ နေရာ သည် တောင်စောင်းအား ဂူများထွင်းထားကာ အထဲတွင် ဆင်းတုတော်များရှိရာ ရှေးလက်ရာ နေရာတစ်ခုဖြစ်သည်။ ထိုမှပြီး လျှင် ကမ္ဘာ့အလှဆုံးစာရင်းဝင် အိုအေစစ် ဖြစ်သော မင်ရှာတောင်နှင့် လခြမ်း ကန်လေးသို့သွားပါမည်။ ဂိုဘီ သဲကန္တာရထဲတွင် ရှိသော သိပ်လှသောနေရာလေးဖြစ်သည်။ ပြီးလျှင် ဟိုတယ်သို့ ပြန်ကာ အနားယူပါမည်။

  • Day : 7 Dunhuang-Chengdu-Yangon (Breakfast/Lunch/Dinner)

    ဟိုတယ်တွင် နံနက်စာသုံးဆောင် ပြီးလျှင် လေယာဉ်ဖြင့် Chengdu မြို့  သို့ပျံသန်းပြီး အနားယူကာ နောက်နေ့တွင် ဘေဂျင်းမြို့ သို့ ပျံသန်းပြီး ထိုမှ ရန်ကုန်သို့ ပြန်လာကြပါမည်။

Services During Tour

ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှုများ
1. International flight fare for round trip
2. Beijing – Xian (bullet train) fare
3. Xian – Dunhuang , Dunhuang – Chengdu Domestic flight fares
4. Visa fees
5. Full board meals
6. Accommodation with Twin sharing (3 & 4star Mix hotels)

Copyrights © 2018 K & H Travels. All Rights Reserved