• Room No. 105, Novotel Yangon Max (Beside Ballroom)
  • Ticketing Phone : 09 -9 522 744 30, 09 -9 7271 99 63, 09 -9 7271 5423, 09 -9 6080 8332
  • Tour Phone : 09-777 620 470, 09-7777 044 30
  • Email: kh.mdmarketing@gmail.com

Holyland (8D/7N)KH-000

0.00 $

Photo Gallery

Visit Us Now

Room No. 105,
Novotal Yangon Max
(Beside Ballroom)

Call Us Now

Ticketing Phone

09-9 52274430, 09-972719963, 09-972715423, 09-960808332

Tour Phone

09-777620470, 09-777704430

Message Us Now

kh.mdmarketing@gmail.com

Location

Description

ရှေးဟောင်း Jerusalem မြို့ ကို သွား ရောက်မယ့် Christian Tour ဖြစ်ပါတယ်

Detailed Day Wise Itinerary

  • Day : 1 Jerusalem

    လေဆိပ်မှ ဧည့်လမ်းညွှန်မှကြိုဆိုပြီးလျှင် Jerusalem ရှိ ဟိုတယ်တွင် အနားယူပါမည်

  • Day : 2 Jerusalem (Breakfast/Lunch/Dinner)

    Olives တောင်တန်းအပေါ်မှ Jerusalem မြို့ ရှုခင်းကို သွားရောက် ကြည့်ရှုပါမည်။ ပြီးလျှင် Gethsemane ဥယျာဉ်နှင့် Agony church တွင်လေ့လာအပြီး Israel Museum မှာရှိတဲ့ ကျော်ကြားတဲ့ ဂျူးလူမျိုးတွေရဲ့ဘာသာရေး လက်ရေးစာမူ ကျမ်းစာတွေ ဋ္ဌာပနာထားတဲ့ ဗိမာန် ကိုသွားရောက်လည်ပတ်လေ့လာပါမည်။ ပြီးလျှင် Second Temple အချိန်က တည်ခဲ့တဲ့ Herodian city ကို လှပစွာ ပြန်လည် ပြုပြင်မွမ်းမံထားတာကို သွားရောက်လေ့လာပါမည်။ ၆ သန်းသော ဂျူးလူမျိုးတွေ မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ အထိမ်းအမှတ်နေရာ Yad Vashem သို့ ဆက်လက် သွားရောက်ပါမယ် ယေရှုရဲ့နောက်လိုက်တော်ထဲက တစ်ယောက်ဖြစ်တဲ့ ရှင်ယောဟန် မွေးဖွားရာ Ein Karem Village ကို နေ့လည်ခင်းမှာ သွားရောက်လေ့လာအပြီး ဟိုတယ်တွင် ပြန်လည် အနားယူပါမည်

  • Day : 3 Jerusalem (Breakfast/Lunch/Dinner)

    Jerusalem ရဲ့ ရှေးဟောင်းခံတပ် ဝင်ပေါက်တစ်ခုကနေ Old city ရဲ့ quarter လေးခုထဲက တစ်ခုဖြစ်တဲ့ Jewish Quarter နဲ့အတူ Western Wall, Temple Area နဲ့ စိတ်ဝင်စားစရာ ဈေးတွေကို ဝင်ရောက်လည်ပတ်ပါမယ် ယေရှုလက်ဝါးကပ်တိုင်ထမ်းခဲ့ရာ လမ်းတစ်လျှောက်ဖြစ်တဲ့ Via Dolorosa တစ်လျှောက် ဝင်ရောက်လာပြီး Stations of the Cross မှတ်တမ်းကို လေ့လာပါမည်။ ပြီးလျှင် Holy Sepulchre Church မှာ လမ်းဆုံးပါမည်။ Mt Zion သို့ဆက်လက်မောင်းနှင်ကာ King David ရဲ့ အုတ်ဂူနှင့်အတူ ယေရှုရဲ့နောက်ဆုံးညစာစားပွဲ ကျင်းပခဲ့ရာ အခန်း နဲ့ Domition Abbey ကို သွားရောက်လေ့လာပါမည်။ နေ့လည်ဘက်တွင် ယေရှုမွေးဖွားခဲ့ ရာ Church ရှိတဲ့ Bethlehem မြို့သို့ ဆက်လက်သွားရောက်ပါမည်။ Shepherd's Fields တွင် လည်ပတ်အပြီး Jerusalem သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

  • Day : 4 Jericho-Nazareth (Breakfast/Lunch/Dinner)

    Jerusalem မှထွက်ခွာပြီး ကမ္ဘာ့ရှေးဟောင်းအကျဆုံးမြို့ ဖြစ်ရာ မြောက်ဘက် Jericho သို့သွားရောက်ပါမည်။ Jordan ချိုင့်ဝှမ်း တစ်လျှောက်နှင့် Beit Sheran ရွာသို့သွားရောက်ပြီး ရောမမြို့ရဲ့ မူလပုံစံမပျက်ထိန်းသိမ်းထားသော ရှေးဟောင်းနေရာတွေကို သွားရောက်လေ့လာပါမည်။ ပြီးလျှင် Nazarethမြို့ရှိ Church of the Annunciation နဲ့အတူ ယေရှုမယ်တော် ရဲ့ Mary's Well သို့ သွားရောက် လေ့လာပါမည်။ Kabala ရဲ့ မြို့တစ်ခုဖြစ်တဲ့ Safed ကို mystic alley နဲ့ artists' colony ကိုလေ့လာဖို့သွားရောက်ပါမည်။ ပြီးလျှင် Kibbutz hotel တွင် အိပ်စက်အနားယူပါမည်။

  • Day : 5 Syria (Breakfast/Lunch/Dinner)

    Golan ကုန်းမြေမြင့်သို့ သွားပါမည်။ Sayrianရှေးဟောင်းခံတပ် နှင့် Druze ကျေးရွာသို့ သွားရောက်လည်ပတ်ပါမည်။ Banias မှတစ်ဆင့် မြစ်ဖျားခံ Jordanမြစ်၏ Galilee နှင့် Capernaum ပင်လယ် ကမ်းစပ်သို့ သွားပါမည်။ ရှေးဟောင်းရဟူဒီဘုရားကျောင်း နှင့် ပီတာအိမ်၏ အပြိုအပျက်ကို သွားရောက်ကြည့်ရှုပါမည်။ ငါး နှင့် ပေါင်မုန့် အဲ့ဖွယ်ရာဖြစ်ပေါ်ခဲ့သောနေရာ ဖြစ်သော Tabgha နှင့် ခရစ်တော်မိန့်ကြားထားသော သူမြတ်ရှစ်ပါး၏တောင်ကုန်း သို့ သွားရောက်ကြည့်ရှုပါမည်။ ခဏတာခရီး အတွက် ဂျူးလူမျိုး၏ ဘာသာစကားလေ့လာသော Tiberias ကို ဆက်ပြီးတော့ သွားရောက်လည်ပတ်ပါမည်။ Kibbutz ဟိုတယ်သို့ တစ်ညတာ အိပ်စက်အနားယူရန်အတွက် ပြန်လာပါမည်။

  • Day : 6 Haifo - Tel Aviv (Breakfast/Lunch/Dinner)

    နံနက်စာ သုံးဆောင်ပြီးလျှင် အနောက်ဘက်တွင် ရှေးကျပြီးကျော်ကြားသော ခရှုးဆိတ် စစ်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သူ၏ အမာခံနယ်မြေ နှင့် အလယ်ပိုင်းခေတ်၏ ခံတပ်ရှိရာ သို့ သွားရောက်ပါမည်။ ရှုးခင်းများကို လည်ပတ်ကြည့်ရှုရန် Haifoသို့ ဆက်ပြီးသွားရောက်ပြီး မြို့၏ မြင်ကွင်းကျယ် ကြည့်ရှူရန် Baha’i ဗိမာန်၊ Persian ပန်းခြံ နှင့် Carmel တောင်ကုန်း အပါအ၀င် သွားရောက်ပါမည်။ ရှေ့ဆက်ပြီးတော့ Caesarea သို့ Roman ပြဇာတ် နှင့် ခရှုးဆိတ် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သူ၏ ခံတပ်ကြီး ကို သွားရောက် လည်ပတ်ပါမည်။ ခဏတာမြို့ပြခရီးအတွက် Tel Aviv-Jaffaသို့ ဆက် ပြီး သွားရောက်ပါမည်။ ပြီးလျှင် ဟိုတယ် သို့ တစ်ညတာ အိပ်စက်အနားယူရန် ပြန်လာပါမည်။

  • Day : 7 Tel Aviv - Dead Sea (Breakfast/Lunch/Dinner)

    Tel Aviv တွင် မနက်ပိုင်း အနားယူနိုင်ပါမည်။ Dead Sea ဆီသို့ စိတ်ကြိုက် အလည်ခရီး အဖြစ်သွားရောက်ပါမည်။ Tel Aviv မှာ တစ်ညတာ အိပ်စက် အနားယူပါမည်။

  • Day : 8 Jerusalem (Departure)

    မနက်စာ စားပြီး လျှင် ထွက်ခွာရန်အတွက် လေယာဉ်ဆီသို့ ကူးပြောင်းပေးပါမည်။

Copyrights © 2018 K & H Travels. All Rights Reserved