1890.00 $
Room No. 105,
Novotal Yangon Max
(Beside Ballroom)
09-9 52274430, 09-972719963, 09-972715423, 09-960808332
Tour Phone09-777620470, 09-777704430
kh.mdmarketing@gmail.com
ဈေးဝယ်ထွက်ရတာဝါသနာပါသူများ နှင့် Luxury ကိုနှစ်သက်သူများ အလွန်နှစ်သက်မည့်နိုင်ငံဖြစ်သည်။
Dubai International Airport သို့မနက်ပိုင်းတွင်ရောက်၇ှိ၍ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ Dubai English Tourguide နဲ့အတူ ကျွန်တော်တို့ရဲ့ ခရီးသွားခေါင်းဆောင်ဟာ လူဝင်မှုနဲ့ အကောက်ခွန်ရဲ့ ဓလေ့ထုံးစံတွေကို အလွန်လျင်မြန်ပြီး ထိရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်။Air-conditioned hotel မှာ တစ်ရက်ကြိုပြီး check-in လုပ်ထားပေးမှာမို့ အစစအရာရာ အဆင်ပြေစေရပါမယ်။
မနက်စာသုံးဆောင်ပြိးနောက်At the Top, ဆိုတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်ဦး Burj Khalifa ပေါ်တက်ကြတာပါ..ခမ်းနားကြီးကျယ်တဲ့ panorama မြင်းကွင်း ကို ကြည့်ရှု့ခံစားနိုင်မှာဖြစ်ပါတယ်။ At the Top ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ပေါ်ကနေ ၃၆၀ degree လှည့်ပြီး ပတ်လည်ကြည့်နိုင်တဲ့မြင်ကွင်းတွေ၊ အထပ် 124 မှ ကြည့်ရှု နိုင်ပြီး Gulf ကမ်းခြေကနေ Arabian ကန္တာရနဲ့ ဟိုး..ဝေးဝေးထိ မြင်ကွင်းသစ်များကို စိတ်အေးချမ်းစွာ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံး Shoppingmallနဲ့ရေပန်းDubai Mall ကတော့ ဖျော်ဖြေမှုတွေနဲ့ အတူ Mall ထဲကို နှစ်စဉ်ဈေးဝယ်သူပေါင်း သန်း ၁၀၀ အတွက်ကို သေချာပြင်ဆင်ထားတဲ့ကမ္ဘာ့အကောင်းဆုံး Brands တွေရှိပြီးလူသိများတဲ့ stores တွေ ထပ်လောင်းပါဝင်တဲ့ Dubai Mall မှာဈေးဝယ်ထွက်ကြမှာပါ။ကမ္ဘာပေါ်မှာထူးဆန်းထွေလာနံပါတ်8ဖြစ်တဲ့လူလုပ်ကျွှန်းလည်းဖြစ်မယုံကြည်နိုင်လောက်အောင်လှပသော ကမ်းခြေများ water activities များနဲ့ world-class accommodation တွေများပြားစွာရှိလှတဲ့ The Palm Island ကို လည်း သွားရောက်လည်ပတ်ကြမှာပါ။နှစ်ပေါင်း 200ကျော် သက်တမ်းရှိပြီး လူနေမှု့ဘ၀ ကို အနုပညာပြောင်မြောက်စွာပြသထားသောDubaiMuseumကိုလည်းသွားရောက်လည်ပတ်ကြပါမယ်။အလွန်တစ်ရာဆန်းကျယ်လှပစွာအနုစိတ် ဖန်တီးထားသော Saga World,Zabeel Palace,Arabic style ဖြင့်တည်ဆောက်ထားသော Madinat Jumeirah နဲ့ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော 7star luxury Hotel ကြီးဖြစ်သော Burj All Arab သို့လည်းသွားရောက်လည်ပတ်ကြပါမယ်ရှင်။ တစ်ရွေ့ရွေ့သွားနေသော ရိုးရာသစ်ထွင်းလှေကလေးပေါ်မှာ အာရပ်တွေရဲ့ ရိုးရာဓလေ့ ပုံစံကို ခံစားရင်း နဲ့ လှေပေါ်မှာရှိတဲ့ International Buffet မှာ Dinner စားရင်း လတ်ဆတ်တဲ့လေတွေကို တ၀ကြီးရှူရှိုက်ပြီး နောက်ခံသံစဉ်တွေ တင်ဆက် ကပြမှု တွေထဲမှာ စီးမျောခံစားလိုက်ကြရအောင်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြိးနောက် ဈေးဝယ်ဖို့အလွန်ကောင်းတဲ့နေရာတစ်ခုဖြစ်သလိုနောက်ဆုံးပေါ် accessoriesတွေ၊ရသာထူးကဲလှတဲ့အစားအသောက်များ၊ကြည်နူးဖွယ်ဖျော်ဖြေမှုအစီအစဉ်များနဲ့ပြည့်နှက်နေ သောနေရာလေးတစ်ခုဖြစ်တ City Center Deiraကိုသွားရောက်လည်ပတ်ကြပါမည်(ဆိုင်ခန်းပေါင်း၃၇၀ ကျော်ရှိတဲ့ City Center Deira ဟာ Dubai မြို့်ရဲ့ အကြီးမားဆုံးနဲ့ အကျော်ကြားဆုံးထဲက Shopping Mall ဖြစ်ပါတယ်)။ပြီးလျှင် Desert Safari ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ် (Desert Safari ကတော့ ကန္တာရနေထိုင်မှုပုံစံနဲ့ အတွေ့အကြုံလိုချင်သူများအတွက် တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ နေရာကောင်းတစ်ခုပါ။မြန်ဆန်လှတဲ့ 4Wheel ကား အကောင်းစားတွေနဲ့ သဲကန္တာရပေါ်ဖြတ်သန်းသွားပြီး ရင်ခုန်လှိုက်မောဖွယ်ကောင်းတဲ့ ခံစားမှုတွေရရှိနိုင်မှာဖြစ်သလို၊ သဲခုံလေးတွေရဲ့ ပုံပျက်ကျန်ခဲ့တာလေးတွေက သင့်စိတ်ကို ကြည်နူးပျော်ရွှင်စေမှာပါ။ညနေပိုင်းမှာတော့ Sunset ကိုပြည့်ပြည့်ဝဝ ခံစားပြီး ပျော်ရွှင်စွာ အော်ဟစ်ဖောက်ခွဲလို့ကောင်းမယ့် နေရာလေးတစ်ခုဖြစ်လို့ အမှတ်တရတွေ ထင်ကျန်ရစ်မှာပါ။ကျွန်တော်တို့ ညစာ စားမယ့်နေရာကိုရောက်ရင်လည်း ကုလားအုပ်ကြီးတွေစီးပြီး ပျော်ရွှင်ကြည်နူးနိုင်အုံးမှာပါ ..။ အဲ့ဒီနောက်မှာတော့ နွေးထွေးပြီး အလွန်သက်တောင့်သက်သာရှိတဲ့ (ဒန်းပင်ရဲ့ နီညိုရောင်ဆေး) Tattoo ကို မိမိနှစ်သက်တဲ့ ပုံလေးတွေကို လက်ရာအကောင်းဆုံးရေးဆွဲခိုင်းလို့ရပါသေးတယ်၊(camel riding စီးခြင်းအတွေ့အကြုံမျိုး၊Fragrant Sheesha ရှုခြင်း အတွေ့အကြုံမျိုးများလည်းလုပ်နိုင်ပါတယ်) Belly Dance,Tanoura Dance အလှပြတင်ဆက်မှုတွေနဲ့ ညစာစားရင်း ကန္တာရရဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို ညလည်ခေါင်မှာ ကြယ်တွေ အလှနဲ့တူ.နှလုံးအိမ်မှာ အပြည့်ဝ ခံစားလိုက်ကြရမှာဖြစ်ပါတယ်။
ဟို တယ်တွင်မနက်စာသုံးဆောင်ပြိးနောက် Dubai Cityမှ Abu Dhabi City သို့ ကားနှင့်ထွက်ခွာပါမည်။Abu dhabi မြို့သည် ရှေးဟောင်းယဉ်ကျေးမှု့လက်ရာများနှင့် ခေတ်သစ်ယဉ်ကျေးမှု့အဆောက် အဦးများပေါင်းစပ်ထားသော မြို့ဖြစ်သည်။ရောက်လျှင် Yas Island တွင် ရှိသော Waterworld သို့ သွားရောက်လည်ပတ်ပါမည်။ကမ္ဘာ့အကြိးဆုံးနဲ့ အမြန်ဆုံး Rolarcoster ရှိသော Ferrari World သို့လည်းသွားရောက်လည်ပတ်ကြပါမည်။ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးဖြစ်သော Sheikh Zayed Mosque သို့သွားေ၇ာက်လည်ပတ်ပါမည်။အချိန်ရလျှင်အပြင်မှနေရူ်Emirate Palace Hotel နှင့် Resident Palace ကို နောက်ခံထားရူ်Group photo များရိုက်ကြပါမည်။ပြိးလျှင် အနုပညာလက်ရာမြောက်စွာပြုလုပ်ထားသောMiraj Islamic Art Gallery သို့ သွားရောက်လည်ပတ်ကြပါမည်။Heritage Village တွင် နေ့လည်စာသုံးဆောင်ပြီးနောက် Corniche Road ကို ဖြတ်ကာ Dates market သို့ သွားရောက်လည်ပတ်ကြပါမည်။
Dubai Outlet Mall is the first ‘Outlet’ concept mall in the Middle East and home to over 1200 of the world’s premium and top brands. ဒီ Mall မှာ ပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ လက်လီဝယ်ယူနိုင်သလို၊ Discounts အနေနဲ့လည်း Stores ဆိုင်ပေါင်း ၂၄၀ က ပစ္စည်းတန်ဖိုးရဲ့ 30% ကနေ 90% အထိ Discounts နဲ့ ၀ယ်ယူနိုင်ပါတယ်။ပြီးပြည့်စုံတဲ့အစားအသောက်နဲ့အဖျော်ယမကာများကိုလည်းစိတ်တိုင်းကျဝယ်ယူရရှိနိုင်ပါသေးတယ်။အကောင်းဆုံးသော ပစ္စည်းတွေကို အချိုသာဆုံး ဈေး နဲ့ ရနိုင်မယ့် နေရာပါ..Guinness worldrecordစာအုပ်မှတ်တမ်းမှာအရှည်ဆုံးပန်းနံရံလို့မှတ်တမ်းတင်သတ်မှတ်ခံရတဲ့အံ့သြဖွယ်ဥယျာဉ်ကြီးကိုလည်းလည်ပတ်ကြအုံးမှာပါ။ကမ္ဘာ့လှည့်ခရီးသွားတွေကိုစွဲဆောင်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်သလို၊မူးမေ့စေနိုင်တဲ့ပန်းပွင့်အမျိုးစားပေါင်း45millionကျော်နဲ့လှပတဲ့ပုံစံတွေ၊မျက်စိဖမ်းစားနိုင်တဲ့အရောင်ပေါင်းစပ်မှုတွေနဲ့အရောင်းအသွေးစုံတဲ့ ပန်းအမျိုးအစားပေါင်း ၄၅ မျိုးကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
Dubai International Airport မှ ထွက်ခွါပြီး အမှတ်တရတွေ၊ အမှတ်တရလက်ဆောင်တွေနဲ့ Dubai မြို့တော်ကြီးကို သာယာရွှင်လန်းတဲ့ ခရီးစဉ်လေးကနေ နှုတ်ဆက်လိုက်ကြပါဆို့ …
***ခရီးစဉ်တွင်ပါဝင်သောအရာများ***
၁။ K & H မှ မြန်မာ Tour Leader နှင့် English စကားပြော Professional Tour Guide
၂။ ခရီးစဉ်တွင် ပို့ဆောင်မည့် နေရာများ၏ ဝင်ကြေးများ
၃။ ခရီးစဉ်တွင် ဖော်ပြထားသည့် စားသောက်စရိတ် နှင့် ပို့ဆောင်စရိတ်များ
၎။ Hotel စရိတ် 5 ညစာ (၂ယောက် - ၁ခန်း)
၅။ ရန်ကုန်- ဒူဘိုင်း - ရန်ကုန် လေယာဉ်လက်မှတ်ခ
6။ဒူဘိုင်းVisa ၀န်ဆောင်မှု့
ခရီးစဉ်တွင်မပါဝင်သောအရာများ
၁။ ခရီးစဉ်တွင် မပါဝင်သည့် နေရာများအတွက် ကုန်ကျစရိတ်များ
Copyrights © 2018 K & H Travels. All Rights Reserved