• Room No. 105, Novotel Yangon Max (Beside Ballroom)
  • Ticketing Phone : 09 -9 522 744 30, 09 -9 7271 99 63, 09 -9 7271 5423, 09 -9 6080 8332
  • Tour Phone : 09-777 620 470, 09-7777 044 30
  • Email: kh.mdmarketing@gmail.com

Beijing & Shanghai Disneyland (7Days-7Nights)KH-5502

1290.00 $

Photo Gallery

Visit Us Now

Room No. 105,
Novotal Yangon Max
(Beside Ballroom)

Call Us Now

Ticketing Phone

09-9 52274430, 09-972719963, 09-972715423, 09-960808332

Tour Phone

09-777620470, 09-777704430

Message Us Now

kh.mdmarketing@gmail.com

Location

Description

တရုတ်ပြည်ရဲ့စိတ်ဝင်စားစရာ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်မည့် ခရီးစဉ်

Detailed Day Wise Itinerary

  • Day : 1 Yangon – Beijing (B, L, D)

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ည 23:30 pm တွင် စတင်ထွက်ခွာကာ Beijing Capital International Airport သို့ နောက်တနေ့ မနက်စောစော 05:55 am တွင်ရောက်ရှိပါမည်။ နံနက်စာစားပြီးနောက် Beijing မြို့ လည်ခေါင်မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံတွေများစွာရှိတဲ့ Tian An Men Square ကို စတင်သွားရောက် လည်ပတ်ပါမည်။ပြီးနောက် An Men Square အနားမှာပဲရှိတဲ့ နန်းတော်တွေများစွာစုစည်းထားတဲ့ Forbidden City ကို သွားရောက်လည်ပတ်ပါမည်။ Forbidden city ဟာ (1420 – 1912 ) အတွင်း နန်းစံခဲ့ကြတဲ့ ဘုရင်မင်းဆက်တွေ နန်းစံခဲ့တဲ့ နန်းတော်ကြီးလည်းဖြစ်ပါတယ်။နေ့ လည်စာ စားပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ local brand တွေ များစွာရရှိနိုင်တဲ့ Qianmen Shopping Street ကိုသွားရောက်လည်ပတ်ဈေးဝယ်ထွက်ပါမည်။ ထိုနေရာတွင် ညစာစားပြီးနောက် Beijing မြို့ ရှိ 4 star အဆင့်ရှိ ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

  • Day : 2 Beijing (B, L, D)

    နံနက်စောစောထကာ ဟိုတယ်တွင် breakfast စားပြီးနောက် တရုတ်နိုင်ငံရဲ့ အမှတ်အသား တစ်ခုဖြစ်တဲ့ ရှည်လျားပြီး ထင်ရှားတဲ့ မဟာတံတိုင်းကြီး (Great Wall) ကို သွားရောက်လည်ပတ် ပါမည်။နေ့ လည်စာစားပြီးနောက်မှာတော့ ငှက်သိုက်ပုံစံ တည်ဆောက်ထားပြီးတော့ Beijing Olympic ပွဲများကျင်းပရာ Bird Nest Stadium ကိုသွားရောက်လည်ပတ်ပါမည်။ပြီးနောက် LED မီးရောင်စုံများနဲ့ လှပစွာပြောင်းလဲနေတဲ့ Water Cube ကို သွားရောက်ကြည့်ရှုခံစားပါမည်။ ညနေဘက်တွင်တော့ Wangfujing shopping street တွင် shopping ထွက်ရင်း ညစာစားပါမည်။ ထို့ နောက် Beijing မြို့ ရှိ 4 star အဆင့်ရှိ ဟိုတယ်တွင်အနားယူအိပ်စက်ပါမည်။

  • Day : 3 Beijing – Shanghai (B/L/D)

    နောက်တစ်နေ့ နံနက်စောစောထကာ ဟိုတယ်တွင် breakfast စားပြီးနောက် ရှေးဘုရင်များ အနားယူအပန်းဖြေရာနန်းတော်တစ်ခုဖြစ်တဲ့ Summer Palace ကိုသွားရောက်လည်ပတ်ပါမည်။ နန်းတော်ထဲတွင် သာယာလှပသော ဥယျာဉ် ၊ရေကန်၊တံတားများနှင့် ရှေးဟောင်းနန်းတော်တို့ ကို တွေ့ မြင်နိုင်ပါသည်။ နေ့ လည်စာစားပြီးနောက်မှာတော့ ကျည်ဆံရထားဖြင့် Beijing မြို့ မှ Shanghai မြို့ သို့ နေ့ လည် 14:00 pm တွင်ထွက်ခွာကာ ည 18:48 pm တွင် ရောက်ရှိပါမည်။ညစာ စားပြီးနောက် ရှန်ဟိုင်းမြို့ ရှိ 4 star အဆင့်ရှိ ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

  • Day : 4 Shanghai (B/L/D)

    နောက်တစ်နေ့ နံနက်စောစောထကာ ဟိုတယ်တွင် breakfast စားပြီးနောက် 8354 မီတာ ရှည်လျားပြီးတော့ ရှန်ဟိုင်းရဲ့ အဓိကတံတားတွေထဲကတစ်ခုဖြစ်တဲ့ Nanpu တံတားကို သွားရောက်လည်ပတ်ပါမည်။ထို့ နောက် ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်တဲ့ Pudong Lujiazui Zone ကိုလည်ပတ်ပါမည်။ပြီးနောက် ကမ္ဘာ့မိုးမျှော်တိုက်တွေထဲက တစ်ခုဖြစ်တဲ့ အထပ်ပေါင်း ၈၈ထပ်ရှိတဲ့ Jinmao Tower ရဲ့ view ကိုသွားကြည့်ပြီးတော့ Global Financial Centre ကိုလည်း သွားရောက်လည်ပတ်ပါမည်။နေ့ လည်စာကိုတော့ The Pearl of the Orient မှာ ဘူဖေး စားပါမည်။ နေ့ လည်စာစားပြီးနောက်မှာတော့ Chenghuang ဘုရားကျောင်းသို့ သွားပြီး Chenghuang ဈေးထဲလည်ပတ်ပါမည်။ ညနေမှာတော့ Nanjing လမ်းမှာ ဈေးဝယ်ထွက်ကြပါမည်။ညနေစာ စားပြီးနောက်မှာတော့ ရှန်ဟိုင်းရှိ 4 star အဆင့်ရှိ ဟိုတယ်တွင်အနားယူအိပ်စက်ပါမည်။

  • Day : 5 Shanghai Disneyland (B/-/D)

    ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Shanghai Disneyland သို့ သွားရောက်လည်ပတ်ပါမည်။ နေ့ လည်စာကိုတော့ Disneyland တွင် မိမိအစီအစဉ်ဖြင့် စားသောက်ရပါမည်။

  • Day : 6 Shanghai – Beijing (B/L/D)

    ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် World Expo တရုတ်ကုန်စည်ပြပွဲသို့ သွားရောက် လေ့လာလည်ပတ်ပါမည်။ နေ့ လည်စာစာပြီးနောက် နေ့ လည် 14:00 pm တွင် ရှန်ဟိုင်းမှ ဘေကျင်း သို့ ပြန်လည်ထွက်ခွာကာ ည 18:48 pm တွင် ဘေကျင်းသို့ ပြန်လည်ရောက်ရှိပါမည်။ဘေကျင်းရှိ 4 star အဆင့်ရှိ ဟိုတယ်တွင်အနားယူအိပ်စက်ပါမည်။

  • Day : 7 Beijing – Yangon (B/L/-)

    ဟိုတယ်တွင်နံနက်စာစားပြီးနောက် Lingguang ဘုရားကျောင်းနှင့် Lingguang Temple of Heaven ကို သွားရောက်လည်ပတ်ပါမည်။ထို့ နောက် ဟိုတယ်မှ check out လုပ်ကာ ည 19:30 pm လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာကာ 22:50 pm တွင်ပြန်လည်ရောက်ရှိပါမည်။

Services During Tour

ခရီးစဉ်တွင် ပါဝင်သည့် ဝန်ဆောင်မှုများ
1. International လေယာဉ်လက်မှတ် နှင့် ရထားလက်မှတ် fee များ
2. 3 stars or 4stars Hotel ၆ ညတည်းခိုစရိတ်( တစ်ခန်းနှစ်ယောက်နှုန်း)
3. ခရီးစဉ်တွင်ဖော်ပြထားသော ဝင်ကြေးစရိတ်များ နှင့်ပို့ ဆောင်ခများ
4. ခရီးစဉ်တွင်ဖော်ပြထားသော စားသောက်စရိတ်များ(အဖျော်ယမကာခမပါဝင်ပါ)
5. Company မှ မြန်မာစကားပြော tour leader နှင့် အင်္ဂလိပ်စကားပြော guide
6. Visa fees
ခရီးစဉ်တွင် မပါဝင်သည့် ဝန်ဆောင်မှုများ
1.China မှ guide နှင့် driver အတွက် tips
2. Personal အသုံးစရိတ်များ နှင့် ခရီးစဉ်တွင် မဖော်ပြထားသော အရာများ

Copyrights © 2018 K & H Travels. All Rights Reserved