790.00 $
Room No. 105,
Novotal Yangon Max
(Beside Ballroom)
09-9 52274430, 09-972719963, 09-972715423, 09-960808332
Tour Phone09-777620470, 09-777704430
kh.mdmarketing@gmail.com
ဂယာ အားရောက်ပြီးသူများအတွက် နှင့်ရက်တိုသွားချင်သူများအတွက် ခရီးစဉ်ဖြစ်ပါသည်။
ရန်ကုန်မှလေယာဉ်ဖြင့် မြတ်စွာဘုရားရှင် ပွင့်တော်မူသော ဂယာသို့ရောက်ရှိပြီး ဦးစွာBC၃ရာစုနှစ်က သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့သော မဟာဗောဓိစေတီ နှင့် ဗောဓိညောင်ပင် သို့သွားပါမည်။ ပြီးလျှင် ရွှေခွက်ကိုအဓိဌာန်ဖြင့် မျှောခဲ့သော နေရဉ္စရာမြစ်၊ မြတ်စွာဘုရားအား ဃနာနို့ဆွမ်းကပ်လှူခဲ့သော သုဇာတာ အတွက်တည်ခဲ့သည့် သုဇာတာစေတီတို့ကိုသွားရောက်ဖူးမျှော်မည်။ညစာသုံးဆောင်ပြီး Bodhagaya Regency Hotel တွင်အိပ်စက်အနားယူပါမည်။
Hotelတွင် နံနက်စာသုံးဆောင်ပြီးလျှင် ဗာရာဏသီသို့ ထွက်ခွာပါမည်။ ၅နာရီနှင့်၆နာရီကြား ကားမောင်းနှင်ပြီး ဗာရာဏသီသို့ရောက်ရှိကာ Hotel Check in ၀င်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် မြတ်စွာဘုရားရှင် တရားဦးဓမ္မစင်္ကြာဟောတော်မူခဲ့သော မိဂဒါဝုန်သို့ ဆက်လက်ထွက်ခွာမည်။ ထို့နောက်မြတ်စွာဘုရား ဘုရားရှင်ဖြစ်တော်မူပြီး ပဉ္စ၀ဂ္ဂီငါးဦးမှ ခရီးဦးကြိုဆိုသော နေရာတွင်တည်ခဲ့သော ချောက်ခဏ္ဍီစေတီ၊ ဓမ္မစင်္ကြာတရားဦးဟောရာနေရာတွင်တည်ခဲ့သောဓမ္ဓရာဇိကစေတီသို့သွားရောက်ဖူးမျှော်ပါမည်။BC၃ရာစုသို့ပြန်လည်ရောက်ရှိသွားသကဲ့သို့ခံစားတွေ့မြင်ရမည့်ရှေးဟောင်းသူ့တေသနပြတိုက်သို့သွားရောက်လည် ပတ်ပါမည်။ မြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ်အကြောင်းအရာများကို သေသပ်လှပစွာခြယ်မှုံးထားသော နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည့် မူလဂန္ဒာကုတ္တိဘုရားသို့ သွားရောက်ဖူးမျှော်ပါမည်။ ပြီးလျှင်ညစာသုံး ဆောင်ကာ Grape Vine Hotelတွင်အိပ်စက်အနားယူပါမည်။
နံနက်စောစောထကာ ဂင်္ဂါမြစ်နေထွက်ချိန်ကိုသွားရောက်ကြည့်ရူ့ပြီး Hotel သို့ပြန်ကာ နံနက်စာသုံးဆောင်ပါမည်။ ထို့နောက် ၆ နာရီကြာကားမောင်းနှင်ပြီး ဗုဒ္ဓဂယာသို့ထွက်ခွာပါမည်။ ဂယာသို့ရောက်လျှင် Hotel Check-in ၀င်ပြီးနေ့လည်စာသုံးဆောင်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အိန္ဒိယသမိုင်းတွင် ပထမဦးစွာအကြီးမားဆုံး တည်ဆောက်ခဲ့သော ဥာဏ်တော်ပေ၈၀ရှိသည့် ဗုဒ္ဓရုပ်ပွားပုံဆင်းတုတော်ကို မဟာဗောဓိစေတီအနီးနားတွင် သွားရောက်ဖူးမျှော် နိုင်ပါမည်။ ဗုဒ္ဓဂယာ၏အမှတ်အသားတစ်ခုလည်းဖြစ်သည့် ဤဆင်းတုတော်ကြီးကို Nov 18,1989 ခုနှစ်က ၁၄ဆက်မင်းဖြစ်သော Dalai Lama ကတည်ထားကိုးကွယ်ခဲ့ပါသည်။ထို့နောက်ညစာသုံးဆောင်ပြီး Hotel တွင်အိပ်စက်အနားယူပါမည်။
Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် ကားဖြင့် ၄နာရီ မှ ၅ နာရီဝန်းကျင်မောင်းနှင်ပြီး ရာဇဂြိုလ် သို့သွားပါ မည်။ ကိုယ်ကျင့်သိက္ခာကောင်းမွန်လှသည့် ဗိမ္ဗိသာရမင်းစိုးစံသောတိုင်းပြည် ရာဇဂြိုလ်ပြည်ကို လှည့်လည်ကြည့်ရူ့ပါမည်။ ထို့နောက်ရတနာင်္ဂီရိတောင်ထိပ်က “၀ိရွှသျှ န္တီစေတီ” ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ ကိုဖူးမျှော်ရပါမည်။ သာသနာတော်၂၅၀၀ ပြည့်နှစ်အထိမ်းအမှတ်အဖြစ်ဂျပန်ဗုဒ္ဓဘာသာဆရာတော် (Nipponza Myohoji ) အရှင်ဖီဂျီကတည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်ရဲ့လေးမျက်နှာမှာ မြတ်စွာဘုရားရှင့်ရဲ့ ဖွား ၊ ပွင့် ၊ ဟော၊စံ သံဝေဇနိယလေးဌာနကို ထွင်းထုပူဇော်ထားပါတယ်၊ စေတီတော်၏အရှေ့ဘက်နားတွင် မြတ်စွာဘုရား မိုးတွင်းကာလတွင်တရားဟောပြောရာနှင့်တရားကျင့်ကြံအားထုတ်ရာ နေရာဝိဇျွကုဋ်တောင်ထပ်ရှိ ကျောင်းတော်ရာ၊မြတ်စွာဘုရားရှင်အား ဗိမ္ဗိသာရမင်းကြီး လှူတန်းခဲ့သော ဝေဠုဝန်ကျောင်းတော်၊ထို့မှနာလန္ဒာမြို့မှ နာဂအဇ္ဈနဆရာတော် စတင်တည်ထောင်ခဲ့သည့် နာလန္ဒာတက္ကသိုလ်သို့သွားပါမည်။ အေဒီ ၅ရာစုမှ ၁၂ရာစုအထိနှစ်ပေါင်း (၇၀၀) ကျော်တည်ရှိခဲ့သည့်ရှေးယခင်က ကြီးကျယ်ခမ်းနားခဲ့သောကျောင်းတော်ကြီး၏ မီးရှို့ခံရပြီးကျန်ရှိနေသော နေရာများအားလွမ်းဆွတ်ဖွယ် တွေ့မြင်နိုင်ပါမည်။ ထို့နောက်ယခုအသစ်ပြန်လည် တည်ဆောက်ထားသော နာလန္ဒာတက္ကသိုလ်အသစ်သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး ကားဖြင့်၎နာရီမှ၅နာရီကြားမောင်းနှင်ကာ ဂါယာသို့ပြန်ပါမည်။
Hotel တွင်နံနက်စာသုံးဆောင်ပြီး မဟာဗောဓိစေတီနှင့်ဗောဓိညောင်ပင်သို့သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဂါယာပြန်အမှတ်တရလက်ဆောင်များဝယ်ကာ လေဆိပ်သို့ထွက်ခွာပြီး ရန်ကုန်သို့ပြန်ပါမည်။
1. 4 Star Hotel accommodation for 4night with twin sharing basis
2. International flight fare
3. Myanmar Tour Leader
4. Meals as per itinerary
5. Transportation as mention in the itinerary
6. English speaking guide
7. Entrance & Zone fees as in itinerary
Copyrights © 2018 K & H Travels. All Rights Reserved