1299.00 $
Room No. 105,
Novotal Yangon Max
(Beside Ballroom)
09-9 52274430, 09-972719963, 09-972715423, 09-960808332
Tour Phone09-777620470, 09-777704430
kh.mdmarketing@gmail.com
ဂါယာခရီးစဉ်
ရန်ကုန်မှလေယာဉ်ဖြင့် မြတ်စွာဘုရားရှင်ပွင့်တော်မူသောဂါယာသို့ရောက်ရှိပြီးဦးစွာ BC ၃ရာစုနှစ်က သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့သောဗောဓိစေတီနှင့်ဗောဓိညောင်ပင်သို့ သွားရောက်ဖူးမျှော်ပါမည်။ ပြီးလျှင်ရွှေခွက်ကိုသန္ဓဌာန်ဖြင့်မျှောခဲ့သော နေရဉ္စာမြစ်၊ မြတ်စွာဘုရားအား ဃနာနို့ဆွမ်းကပ်လှူခဲ့သော သုဇာတာအတွက်တည်ခဲ့သည့် သုဇာတာစေတီ၊ မြတ်စွာဘုရားပုံတော်ထုဆစ်ထားသော ဉာဏ်တော်ပေ၈၀အမြင့်ရှိသည့် ရုပ်ပွားတော်မြတ်ကြီးသို့သွားရောက်ဖူးမျှော်ပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Dongeswari Caves သို့ထွက်ခွာပါမည်။ ထိုဂူများသည် ဗုဒ္ဓဂါယာ၏ အရှေ့မြောက်ဘက် ၁၂ ကီလိုမီတာအကွာတွင် တည်ရှိပါသည်။ ဤဂူများတွင် မြတ်စွာဘုရားသည် ဒုက္ခရစရိယကျင့်စဉ်ကို နှစ်အနည်းငယ်ကျင့်ကြံခဲ့ပါသည်။ အဓိကဂူသုံးဂူတွင် ဘုရားကျောင်းဆောင်များရှိပြီး ဟိန္ဒူကျောင်းဆောင်တစ်ခု ရှိပါသည်။ နေ့လည်စာကိုဟိုတယ်တွင်သုံးဆောင်ပါမည်။ ညနေတွင် ဗောဓိပင်အောက် တရားထိုင်ရန် အချိန်ရပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် မဟာဗောဓိစေတီသို့ ဆုတောင်းဌာပနာပြုရန် ဗောဓိညောင်ပင်သို့သွားရောက်ပါမည်။ နေ့လည်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးနောက် ၅နာရီနှင့်၆နာရီကြားမောင်းနှင်ပြီး ဗာရာဏသီပြည်သို့ ရောက်ရှိကာ ဟိုတယ်တွင် check-in ဝင်ပြီးညစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။
နံနက်စောစောထကာ ဂင်္ဂါမြစ်နေထွက်ချိန်အလှကိုသွားရောက်ကြည့်ရှုပြီးပြန်လာလျှင် ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။ ထို့နောက် မြတိစွာဘုရားရှင် တရားဦး ဓမ္မစင်္ကြာဟေယတော်မူခဲ့သော မိဂဒါဝုန်သို့ ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် မြတ်စွာဘုရား ဘုရားရှင်ဖြစ်တော်မူပြီးပဉ္စဝဂ္ဂီငါးပါးမှခရီးဦးကြိုဆိုသော နေရာတွင်တည်ခဲ့သော ချောက်ခန္ဓာစေတီ၊ ဓမ္မာစကြာတရားဦးဟောရာနေရာတွင်တည်ခဲ့သော ဓမ္မရာဇိကစေတီသို့သွားရောက်ဖူးမျှော်ပါမည်။ BC ၃ရာစုသို့ပြန်လည်ရောက်ရှိသွားသကဲ့သို့ခံစားတွေ့မြင်ရမည့် ရှေးဟောင်းပြတိုက်သို့ သွားရောက်လည်ပတ်ပါမည်။ မြတ်စွာဘုရား၏ ဘဝဖြစ်စဉ်အကြောင်းအရာများကို သေသပ်လှပစွာ ခြယ်မှုန်းထားသော နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည့်မူလဂန္ဒာကုတ္တိဘုရားသို့ သွားရောက်ဖူးမြော်ပါမည်။ ပြီးလျှင်ညစာသုံးဆောင်ကာ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Agra သို့သွားရောက်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အံ့ဖွယ် ၇ခုထဲမှ ၁ခုအပါအဝင်ဖြစ်ပြီး ချစ်ခြင်းမေတ္တာကိုခမ်းခမ်းနားနားဖော်ပြထားသော Taj Mahal ကိုသွားရောက်လည်ပတ်ပါမည်။ Shah Jahan ၏ ချစ်လှစွာသော ဇနီးသည်ကို အမှတ်ရသောအထိမ်းအမှတ်ဖြင့် ၁၇နှစ်ကျော် လူပေါင်းနှစ်သောင်းဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ စကျင်ကျောက်အဖြူရောင်နှင့် အတော်အသင့်တန်ဖိုးရှိသောကျောက်များဖြင့် ကြွယ်ဝစွာတည်ဆောက်ထားပြီး ဤခရီးစဉ်၏စိတ်ဝင်စားဖွယ်အကောင်းဆုံးနေရာလည်းဖြစ်ပါသည်။ UNESCO ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ထားသော Agra Fort သို့ဆက်လက်သွားရောက်ပါမည်။ ထို့နောက်နေ့လည်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး ဒေလီသို့ကားဖြင့်သွားရောက်ပါမည်။ ဒေလီသို့ရောက်သောအခါ ညစာသုံးဆောင်ပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီး ၁၉၃၂ တွင်တည်ဆောက်ခဲ့သော ၄၂မီတာအမြင့်ရှိအိန္ဒိယဂိတ်သို့သွားရောက်ပါမည်။ ထို့နောက် သမ္မတအိမ်တော်နှင့် ပါလီမန်လမ်းကိုဖြတ်သန်းမောင်းနှင်ပါမည်။ ၁၉၈၆ တွင်တည်ဆောက်ပြီးစီးခဲ့သော နယူးဒေလီမြို့ရှိ ကြာပန်းစေတီသို့သွားရောက်ဖူးမြော်မည်။ ထိုစေတီမှာ ဗိသုကာဆိုင်ရာဆုများစွာကိုရရှိထားပါသည်။ ထို့နောက် Satipathan Temple သို့သွားရောက်ပါမည်။ ညနေဘက်တွင် ဂျာပတ်ဈေးတွင် ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်တွင် ညနေစာသုံးဆောင်၍ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ဆန်ကာစီယာသို့ကားဖြင့်သွားပါမည်။ နေ့လည်စာကိုလမ်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ဆန်ကာစီယာသို့ရောက်ရှိကာ ဟိုတယ်တွင် check-in ဝင်ပြီး ညစာသုံးဆောင်ကာအိပ်စက်အနားယူပါမည်။
ဆန်ကာစီယာတွင်နံနက်စာသုံးဆောင်ပါမည်။ ထိုနေရာတွင်နောင်ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရားပွင့်တော်မူမည်ဟုယုံကြည်ထားသည်။ ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် အသောကဘုရင်ကြီးသည် မြို့ထဲတွင် ၎င်း၏နာမည်ကြီးသော Asoka Stambh တစ်ခုကိုတည်ဆောက်ခဲ့သည်။ မြတ်စွာဘုရားကြွရောက်ခဲ့သည့်အထိမ်းအမှတ်ဖြင့် ပုထိုးတော်နှင့်စေတီကိုလည်းတည်ဆောက်ခဲ့သည်။ မြတ်စွာဘုရားသည် ဆန်ကာစီယာမှ Jetavana သို့ကြွသွားခဲ့သည်။ ဆန်ကာစီယာတွင်မြတ်စွာဘုရား၏ လက်ယာဘက်ခြေတော်ရာစတင်ထိမြန်းခဲ့သောမြေနေရာတွင် ဗိမာန်တစ်ခုတည်ထားကိုးကွယ်ခဲ့သည်။ နေ့လည်စာနှင့်ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။ ထို့နောက် ဇာတာဝါန ဝိဟာရဟူသော သာဝတ္ထိပြည်တွင်မြတ်စွာဘုရား ၂၄ နှစ်တိုင်တိုင်သီတင်းသုံးတော်မူခဲ့သောနေရာကို သွားရောက်လည်ပတ်ပါမည်။ ဝိဟာရအတွင်းတွင် ဗုဒ္ဓဂါယာတွင်ရှိသော မူလဗောဓိပင် (Sri Lankan ဗောဓိပင်) ၏ အကိုင်းမှပေါက်လာသော အနန္ဒဗောဓိပင်သည် အလှပဆုံးနေရာဖြစ်သည်။ ထို့အပြင် ဝိဟာရတွင်မြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့သော အနန္ဒကုတိ နှင့် ဂန္ဒကုတိ အပျက်အစီးများသည်လည်း အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။ ရှေးဟောင်းခံတပ်မြို့ Mahetမြို့မှာ Jetavana ၏မြောက်ဘက်တွင်တည်ရှိပါသည်။ Mahet ၏အပျက်အစီးများတွင် ပုထိုးတော်နှစ်ဆူပါဝင်ပါသည်။ တစ်ဆူမှာ အင်္ဂလိမာလ၏ပုထိုးတော်ဟုယူဆရပြီး Pakki Kuti ဟုအမည်ရသည်။ ကျန်တစ်ဆူမှာ သုဓဒ္ဓာ၏ပုထိုးတော်ဟုယူဆရပြီး Kachchi Kuti ဟုအမည်ရသည်။ နေ့လည်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် လုမ္ဗိနီသို့ဆက်လက်ထွက်ခွာပါမည်။ လုမ္ဗိနီရှိဟိုတယ်တွင် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဒုတိယရာစုနှစ်တွင် တည်ထားခဲ့သော မာယာဒေဝီစေတီသို့ သွားရောက်ပါမည်။ ဤစေတီကို မြတ်စွာဘုရား၏ မယ်တော်မာယာဒေဝီအား ရည်စူး၍တည်ထားကိုးကွယ်ထားခြင်းဖြစ်ပါသည်။ ထို့နောက် 259BC တွင် အသောကဘုရင်စိုက်ထူခဲ့သော အသောကကျောက်တိုင်သို့ သွားရောက်ကြပါမည်။ ဤကျောက်တိုင်ကိုစိုက်ထူရာတွင် ဘုရင်ကြီးသည် ရွာသားများကို အခွန်ကောက်ခံခြင်းမှ လွတ်မြောက်စေပြီး ရွှေဒင်္ဂါးတစ်ရာချီးမြင့်ခဲ့ပေသည်။ ၁၇ရာစုတွင် ကျောက်တိုင်သည် မိုးကြိုးဒဏ်သင့်ပြီး နှစ်ခြမ်းကွဲသွားခဲ့သည်။ ဤနေရာသည် ၆ရာစုနှစ်ကြာ ပျောက်ဆုံးနေခဲ့ပြီး ၁၈၉၅ခုနှစ်မှသာ တောနက်ကြီးအတွင်းမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ နေ့လည်စာကိုဟိုတယ်တွင် သုံးဆောင်ပြီးနောက် ကူရှီနဂါးဆီသို့ ဆက်လက်ထွက်ခွာပါမည်။ ဟိုတယ်တွင် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။ ကူရှီနဂါးသည် မြတ်စွာဘုရား ပရိနဗ္ဗာန်စံတော်မူခဲ့သော နေရာဖြစ်ပါသည်။ ထိုနေရာတွင် ဘုန်းကြီးကျောင်းနှင့်စေတီအသစ်အနည်းငယ်လည်းရှိပါသည်။ Rambhar ပုထိုးတော်သည် မြတ်စွာဘုရားရှင်ဓာတ်တော်လောင်ကျွမ်းသော မြေနေရာအဖြစ် သတ်မှတ်တည်ရှိပေသည်။ ယနေ့တွင် စနစ်တကျထိန်းသိမ်းထားသော ပန်းခြံအတွင်း ၁၅မီတာခန့်မြင့်သော အုတ်ပုံကြီးမှတစ်ပါး ပုထိုးမှာ သိပ်မကျန်ရှိတော့ပါ။ Nirvanaပြည်တွင် တည်ထားကိုးကွယ်ထားသော ဗုဒ္ဓ၏ လျောင်းတော်မူရုပ်ပွားတော်ကြီးဖြစ်သော Mahabarinirbana စေတီကို သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ရာဇဂြိုလ်သို့ ဆက်လက်မောင်းနှင်ပါမည်။ လမ်းတွင် Vaishaliသို့ ဝင်ပါမည်။ ရာဇဂြိုလ်သို့ရောက်ကာ ဟိုတယ်တွင် check-inဝင်ပြီး ညစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Nalandaနှင့် ရာဇဂြိုလ်သို့ လည်ပတ်မည်ဖြစ်ပါသည်။ Nalandaသည် ၅ရာစုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓနှင့် ဟိန္ဒူအငွေ့အသက်ရှိသော ဘုန်းကြီးကျောင်းများနှင့် စေတီပုထိုးများကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ရာဇဂြိုလ်သို့ ခရီးဆက်ပါမည်။ ရာဇဂြိုလ်ကို လည်ပတ်ပြီးနောက် ရာဇဂြိုလ်ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ရာဇဂြိုလ်မြို့သည် မာဂဓတိုင်းပြည်၏ မြို့တော်ကြီးတစ်ခုဖြစ်ခဲ့ပါသည်။ ထို့နောက် ရတနာင်္ဂီရိတောင်ထပ်က “ဝိရွှသျှန္တီစေတီ” ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ ကိုဖူးမျှော်ရပါမည်။ သာသနာတော် ၂၅၀၀ ပြည့်နှစ်အထိမ်းအမှတ်အဖြစ် ဂျပန်ဗုဒ္ဓဘာသာဆရာတော် (Nipponza Myohoji) အရှင်ဖီဂျီက တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်၏ လေးမျက်နှာမှာ မြတ်စွာဘုရားရှင်ရဲ့ ဖွား၊ပွင့်၊ဟော၊စံ သံဝေဇနိယလေးဌာနကို ထွင်းထုပူဇော်ထားပါသည်။ မြတ်စွာဘုရားမိုးတွင်းကာလတွင် တရားဟောပြောရာနှင့် တရားကျင်းကြံအားထုတ်ရာနေရာ ဝိဇျွကုဠ်တောင်ထိပ်ရှိ ကျောင်းတော်ရာ၊ ဗိမ္ဗိသာရမင်းကြီးလှူတန်းခဲ့သော ဝေဠုဝန်ကျောင်းတော်သို့သွားပါမည်။ ဟိုတယ်တွင် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။ ထို့နောက် ပေ၈ဝမြင့်မားသော ဗုဒ္ဓရုပ်ပွားတော်သို့ သွားရောက်ဖူးမြော်ပါမည်။ ထိုရုပ်ပွားတော်ကြီးကို ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၈ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထိုင်းစေတီ၊ သီရိလင်္ကာစေတီ၊ တိဗက်စေတီ အစရှိသော နိုင်ငံတကာစေတီများကိုလည်းသွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ဟိုတယ်တွင် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် လေဆိပ်သို့ထွက်ခွာပါမည်။
1. 4 Star/3star Hotel accommodation for 4night with twin sharing basis 2. Meals as per itinerary 3. Transportation as mention in the itinerary 4. English speaking guide 5. Entrance & Zone fees as in itinerary
Copyrights © 2018 K & H Travels. All Rights Reserved