450.00 $
Room No. 105,
Novotal Yangon Max
(Beside Ballroom)
09-9 52274430, 09-972719963, 09-972715423, 09-960808332
Tour Phone09-777620470, 09-777704430
kh.mdmarketing@gmail.com
Bangkok (4Days/3Nights)
ဘန်ကောက်လေဆိပ်မှ ကြိုဆိုကာ ပထမဦးစွာ Local Restaurant တွင်နေ့လည်စာသုံးဆောင်ပါမည်။ ပြီးနောက် Wat Po ဘုရားသို့ သွားရောက်ဖူးမျှော်ပါမည်။ Wat Po သည် ဘန်ကောက်တွင် သက်တမ်း အရှည်ဆုံးနှင့် အကြီးမားဆုံး လျောင်းတော်မူ ဘုရားကြီး ဖြစ်သည်။ ပြီးနောက် သင်္ဘောဖြင့် Wat Arun အာရုဏ်ဦးဘုရားသို့ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက်ဘုရင်မင်းအဆက်ဆက်ကိုးကွယ်ခဲ့သည့် Wat Phra Kaew (မြဘုရား) နှင့် ဘုရင့်နန်းတော်သို့ သွားရောက်လည်ပတ် ကြပါမည်။ ဘုရားများဖူးပြီးနောက် Hotel check-in ဝင်ကာအနားယူပါမည်။ ညနေတွင် ညစာသုံးဆောင်ပြီးနောက် Hotel တွင် အိပ်စက်အနားယူပါမည်။
Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် Safari World သို့ သွားရောက်လည်ပတ်ပါမည်။ Safari Park တွင်တိရိစ္ဆာန်လေးများအား ကားဖြင့်လှည့်ပတ်ကြည့်ရူပြီးနောက် Marine Park တွင် မျောက်လိမ္မာ၊ ပင်လယ်ဖျံ၊ ဆင်လိမ္မာ၊ Cowboy Show စတဲ့ ပွဲများကိုပျော်ရွှင်စွာကြည့်ရူပြီးနောက် Buffer နေ့လည်စာသုံးဆောင်ပါမည်။ ထိုမှပြန်လျှင် MBK နှင့် Central World Shopping Centre များတွင် ဈေးဝယ်ထွက်ကာ ညစာကို Baiyoke Sky Hotel တွင် သုံးဆောင်ပြီး Hotel သို့ ပြန်လည်ကာ အိပ်စက်အနားယူပါမည်။
Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် Dream World သို့ ပို့ဆောင်ပေးပါမည်။ Dream World တွင် 3D, 4D Adventure များ ကြည့်ရူကြပါမယ်၊ အသည်းအေးစရာ Sky Coaster, Tornado, Hurricane, Supersplash စတဲ့ ကစားနည်းများ၊ (-4 ) လောက်အေးတဲ့ Snow Town ထဲမှာ နှင်းလျှောစီးကြမယ်၊ မြို့ပတ်ရထား၊ Cable – Care စတာတွေ ကို ပျော်ရွှင်စွာစီးနှင်းပြီး နေ့လည်စာ buffet သုံးဆောင်ကြပါမည်။ ပြီးလျှင် Hotel သို့ပြန်ကာအနားယူပါမည်။ ညနေ(၆)နာရီခန့်တွင် ညစာသုံးဆောင်ရန် Chao Phraya Princess Cruise ရှိရာ ဆိပ်ကမ်းသို့ ပို့ပေးပါမည်။ ကျောက်ဘုရားမြစ်တွင် ၂ နာရီကြာ (၇နာရီခွဲ- ၉နာရီခွဲ) လက်ဆက်သော ပင်လယ်စာများကိုသုံးဆောင်ရင်း Bangkok မြို့ည အလှအပများကို ခံစားကာ အနားယူပါမည်။ Buffet Dinner သုံးဆောင်ပြီး Picnic Hotel သို့ပြန်ကာ အိပ်စက် အနားယူပါမည်။
Hotel တွင် နံနက်စာသုံးဆောင်ပြီး check-out လုပ်ပါမည်။ ထို့နောက် Siam Paragon Shopping Centre တွင် ဈေးဝယ်ပြီး အရောင်အသွေးစုံလင်လှသည့် ရေသတ္တဝါလေးများကိုလေ့လာရန် Ocean World ရေအောက်ကမ္ဘာသို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် ဈေးဝယ်ထွက်နိုင်ရန် Platinum Fashion Mall ကိုပို့ဆောင်ပေးပါမည်။ စိတ်တိုင်းကျဈေးဝယ်ပြီးနောက် ညနေတွင် ရန်ကုန်သို့ပြန်ရန် လေဆိပ်သို့ပို့ဆောင်ပေးပါမည်။
၁။ International Flight Fare
၂။ K & H မှ မြန်မာ Tour Leader နှင့် English စကားပြော Guide
၃။ ခရီးစဉ်တွင် ပို့ဆောင်မည့် ဝင်ကြေးများ
၎။ ခရီးစဉ်တွင် ဖော်ပြထားသည့် စားသောက်စရိတ်နှင့် ပို့ဆောင်စရိတ်များ
၅။ Hotel စရိတ် ၃ ည စာ (၁ ခန်း - ၂ ယောက်)
ခရီးစဉ်တွင် မပါဝင်သောအရာများ
၁။ ခရီးစဉ်တွင် မဝါဝင်သော အခြားစရိတ်များ
Star | City.Hotel Name.Rm Type | Adult Fare | child With Extra | Child Sharing Bed | Single Sup |
---|---|---|---|---|---|
3 Stars | Bangkok - Picnic Hotel (or) similar | USD 480 $ | USD 425 $ | USD 365 $ | USD 45 $ |
Copyrights © 2018 K & H Travels. All Rights Reserved