2399.00 $
Room No. 105,
Novotal Yangon Max
(Beside Ballroom)
09-9 52274430, 09-972719963, 09-972715423, 09-960808332
Tour Phone09-777620470, 09-777704430
kh.mdmarketing@gmail.com
ဂျပန် နှင်းနံရံ ခရီးစဉ်
ရန်ကုန်မှ ဗီယက်နမ် လေကြောင်းလိုင်းဖြင့်ထွက်ခွာ ပြီး နောက်နေ့နံနက် စောစော တွင် ဂျပန်နိုင်ငံ သို့ရောက်ရှိပါမည်။
Narati လေဆိပ်မှ ကြိုဆိုကာ ပထမဆုံး Asakusa မြို့ သို့ စတင်ထွက်ခွာပါမည်။Asakusa မြို့ ဟာ တိုကျိုမြို့ ထဲမှာရှိပြီးတော့ ကျော်ကြားလှတဲ့ Buddhist Temple တွေ များစွာရှိပါတယ်။အရင်ဆုံး Nakamise Shopping Street မှာ လက်ဆောင်များ ၀ယ်ယူပြီးတော့ နေ့ လည်စာသုံးဆောင်ပါမည်။နေ့ လည်စာသုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး icon တစ်ခုဖြစ်တဲ့ Kamakura Great Buddha ဘုရားသို့  သွားရောက်ဖူးမျှော် လည်ပတ်ပါမည်။ညနေပိုင်းမှာတော့ Lake Ashi မှာ Cruise စီးရင်း Mount Fuji ရဲ့ အလှရယ် Ashi ရေကန်ရဲ့  အလှတွေကိုကြည့်ရှုခံစားပြီး ညစာသုံးဆောင်ပြီးနောက် Jiragon Fujinoyakata Hotel or Similar class တွင် အနားယူအိပ်စက်ပါမည်။
နောက်တစ်နေ့ မှာတော့ hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် Yoshidaguchi 5th station လို့သိကြတဲ့ Mt. Fuji 5th Station ကိုသွားရောက်လည်ပတ်ကြမှာဖြစ်ပါတယ်။နေ့ လည်စာ သုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး စင်တာတွေထဲက တစ်ခုဖြစ်တဲ့ Gotemba Premium Outlet Mall မှာ ဈေးဝယ် ထွက်ပြီး ညစာ သုံးဆောင်ကာ Matsumoto Marunouchi Hotel တွင် အနားယူအိပ်စက်ပါမည်။
ဟိုတယ်မှ နံနက်စောစော ထကာ နံနက်စာစားပြီးနောက် Snow Wall လို့ ထင်ရှားတဲ့ ရင်သပ်ရှုမောဖွယ် နှင်းလမ်းလေးဖြစ်တဲ့ Alpine Route ကိုသွားရောက်လည်ပတ်ကြပါမည်။Alpine Route ဟာ ဆောင်းတွင်းမှာ ပိတ်ထားလေ့ရှိပြီးတော့ နှစ်စဉ် April လမှ November အထိပဲ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။နေ့လည်စာစားပြီးနောက် ဂျပန်နိုင်ငံရဲ့  အကောင်းဆုံး ရှုခင်း ၃ခုထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Moderm Museam တွေ အများကြီးရှိတဲ့ Kanazawa စီရင်စုနယ်ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။အဲ့ဒီညမှာတော့ Noto Royal Hotel/Tonami Royal Hotel or similar class မှာ ညအိပ်စက် အနားယူပါမည်။
နောက်တစ်နေ့ နံနက်စောစော ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် UNESCO ရဲ့  world heritage စာရင်းဝင်ပြီး ဂျပန်နိုင်ငံရဲ့  ၆ ခုမြောက် world heritage ဖြစ်တဲ့ Shirakawago Gasshozukuri Village သို့သွားရောက်လေ့လာလည်ပတ်ပါမည်။ နေ့ လည်စာစားပြီးနောက်မှာတော့ Takayama မြို့ ဟောင်းသို့ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။Gifu Miyako Hotel တွင် အိပ်စက်အနားယူပါမည်။
နောက်တစ်နေ့ မနက်စောစောထပြီး ဟိုတယ်တွင်နံနက်စာစားပြီးနောက် နောက်ထပ် UNESCO စာရင်းဝင်လည်းဖြစ်တဲ့ Kyoto မြို့ ရဲ့ world heritage signature တစ်ခုလည်းဖြစ်တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိတဲ့ သမိုင်း ၀င် Kiyomizu Temple ဘုရားကျောင်း သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Kyoto မြို့ တောင်ဘက်မှာရှိတဲ့ Fushimi Inari Shrine (နတ်ကွန်း) ကို သွားရောက်လည်ပတ်ပါမည်။ထိုနတ်ကွန်းရဲ့  ထူးခြားချက်ကတော့ ဟင်္သာ ပြဒါးတိုင်ပေါင်း ၁၀၀၀ ကျော် နှင့် တည်ဆောက်ထားခြင်းကြောင့် လူသိများ နာမည်ကျော်ခြင်းဖြစ်ပါတယ်။ညနေပိုင်းမှာတော့ မရေမတွက်နိုင်တဲ့ စတိုးဆိုင်ကြီးတွေရယ် နာမည်ကျော် Branded ပေါင်းစုံရရှိနိုင်တဲ့ Osaka ရဲ့  လူသိများဆုံး Area တစ်ခုဖြစ်တဲ့ Shisaibashi Area မှာ ဈေးဝယ်ထွက်ကြပါမည်။Branded ကြိုက်နှစ်သက်တဲ့ သူတွေရော လက်ဆောင် ၀ယ်ချင်တဲ့ သူတွေအတွက်ရော အဆင်ပြေတဲ့ Area လေးတစ်ခုပေါ့။ဈေးဝယ်ပြီး မောသွားပြီ ညောင်းသွားပြီဆိုရင်တော့ Shisaibashi Area မှာပဲ ညစာသုံးဆောင်နိုင်ပါတယ်။Shisaibashi Areaမှာပဲ အရသာရှိတဲ့ ဈေးဆိုင်တွေ အများကြီးရယ် Bar ဆိုင်တွေရယ် Nightclub တွေရယ် အစုံရရှိနိုင်တာမို့လို့ ဂျပန်နိုင်ငံရဲ့  historical တွေ လည်ပတ်ရရုံသာမက ဂျပန်ရဲ့ နောက်ဆုံးပေါ်ဆန်းသစ်တဲ့ nightlife ကိုလည်း လည်ပတ်ရဦးမှာ ဖြစ်ပါတယ်။
နောက်တစ်နေ့ န့နက်စောစော ထကာ ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ check out လုပ်ကာ Osaka Kansai Airport မှ ရန်ကုန်သို့ ထွက်ခွာပါမည်။
Price Include
• ပြည်ပအသွားအပြန်လေယာဉ်လက်မှတ်ခ (with Vietnam Airline)
• တည်းခိုစရိတ် (၂ ဦးတစ်ခန်းနှုန်း)
• သွားလာမည့်နေရာများအားပို့ဆောင်စရိတ်နှင့် ၀င်ကြေး
• ရန်ကုန်မှ ခရီးစဉ်ဦးဆောင်သူနှင့် ဂျပန်တွင် ဂိုက်
• စားသောက်စရိတ်များ (ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း)
• Insurance
• ဗီဇာခ
Price Exclude
• အခြားမဖော်ပြထားသော နေရာများအား ပို့ဆောင်မှု
• မိမိ ကိုယ်ပိုင်အသုံးစရိတ် (ဈေးဝယ်ခြင်း)
Copyrights © 2018 K & H Travels. All Rights Reserved